International News

မြန်မာကုန်သွယ်ရေးစင်တာ (ကူမင်းမြို့) ဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် တက်ရောက်

Last Updated:

မြန်မာနိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် စီးပွားရေးဌာန၊ ကူမင်းမြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့၏ ကြီးကြပ်မှု၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ ပြည်သူ့အစိုးရ၊ ကွမ်တုရပ်ကွက်ပြည်သူ့အစိုးရ၊ China (Yunnan) Pilot Free Trade Zone International Trade Enterprise Cluster Park တို့၏ ပံ့ပိုးမှုဖြင့် ယူနန်ပြည်နယ်၊ ကူမင်းမြို့၊ ကွမ်းတုရပ်ကွက်၊ China (Yunnan) Pilot Free Trade Zone ၌ မြန်မာကုန်သွယ်ရေးစင်တာ (ကူမင်းမြို့) (Myanmar Trade Center, Kunming) ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ရာ ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်က အဖွင့်အမှာစကားပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန် သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါက ကူမင်းမြို့တွင် မြန်မာကုန်သွယ်ရေးစင်တာ ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

မြန်မာကုန်သွယ်ရေးစင်တာ (ကူမင်းမြို့) ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ၊ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် စီးပွားရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Tang Wai၊ ယူနန် ပြည်နယ် ကူမင်းမြို့ပြည်သူ့အစိုးရမှ ဒုတိယမြို့တော်ဝန်၊ ကွမ်တုပြည်သူ့အစိုးရမှ ညွှန်ကြားရေးမှူး၊ မြန်မာနိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ ကုန်သည် လုပ်ငန်းရှင်များ၊ တရုတ်နိုင်ငံမှ အစိုးရကိုယ်စားလှယ်များ၊ ကုန်သည်လုပ်ငန်းရှင်များ စုစုပေါင်း (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

မြန်မာကုန်သွယ်ရေးစင်တာ (ကူမင်းမြို့) သည် မြန်မာနိုင်ငံမှ AJ Myanmar Co., Ltd နှင့် တရုတ်နိုင်ငံမှ Kunming Aosidi International Trade Co., Ltd တို့ ပူပေါင်းဖွင့်လှစ် ဆောင်ရွက်ခြင်းဖြစ်ပြီး စင်တာအနေဖြင့် မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဖလှယ်ရေး လုပ်ငန်းများကို ဦးတည်ဆောင်ရွက်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုတိုးတက်ရေး၊ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံသို့ ပိုမိုဝင်ရောက်လာစေရေးတို့ကို အဓိကထား၍ အထူး ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ပြီး၊ မြန်မာ့ထုတ်ကုန်များကို မိတ်ဆက်ပြသခြင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးအခွင့်အလမ်းများကို မိတ်ဆက်ပြသ၍ ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာ တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မှ ချမှတ်ထားသော မူဝါဒများနှင့်အညီ နိုင်ငံတော်၏ စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရေး ရှေးရှုဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

https://www.facebook.com/mofamyanmar?mibextid=LQQJ4d

Category: International News